Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လဲချားတွင်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Nov 04,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်း
Nov 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ကျေးရွာအုပ်စု၊ ဝမ်ဆော့ကျေးရွာ၊ တောင်သူ ဦးပန္တိ ပြင်ပကွင်းရှိ စံကွက် ၄ဧကတွင် ယနေ့နံနက်(၉)နာရီက ရွှေရင်အေး မိုးစပါးစံကွက် ရိတ်သိမ်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်
Nov 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၁၄)ရပ်ကွက်ရှိ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးများအား ကာကွယ်ဆေးများထိုးနှံပေးခြင်း ဆောင်ရွက်
Nov 04,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့မှ မြစ်သားမြို့ပေါ် (၆) ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များ နှင့်မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၃)ရက်မှ(၄)ရက်နေ့အထိ အဆိုပါ မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ ထက်/လယ်/မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Nov 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့်လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်၍ မောက်မယ်အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာသားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတွင် ကထိန်အလှူတော်ပွဲကျင်းပ
Nov 04,2022
ပလောင်ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ လွယ်ခမ်းကျေးရွာ သားသတ်လွတ် လွယ်ခမ်းဘုန်းတော်ကြီးကျောင်းတွင် ဦးထွန်းရင်(A.T.E.O)+ဒေါ်တင်တင်ဌေး (မူအုပ်-အမက၆)မိသားစုနှင့် ဦးသန်းမောင်+ဒေါ်လှဝင်း(မူအုပ်-အမက၄)မိသားစုတို့မှ “မ”တည်၍ အလင်းရောင်(ပညာရေး)အဖွဲ့၊ ငွန်ဆိုင်းကျေးရွာသူ/ရွာသားများ၊ လွယ်ခမ်းကျေးရွာသူ/ ရွာသားတို့က စုပေါင်းဘုံကထိန်ခင်းကျင်း လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Nov 04,2022
၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့စုပေါင်းကာ လင်းခေးမြို့၊ ကျက်သရေဆောင် သမိုင်းဝင်မဟာမြတ်မုနိဘုရားကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သိကောင်းစရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Nov 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက် ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15024
Page
15025
Page
15026
Page
15027
Current page
15028
Page
15029
Page
15030
Page
15031
Page
15032
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department