တံတားဦးမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တံတားဦး ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တံတားဦးမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းက ဌာနဆိုင်များအနေဖြင့် မိမိတို့တာဝန်များအား ရုံးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်အတွင်းထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန်၊ မိမိတို့ရုံးဌာနနှင့်ဝန်ထမ်းများ လုံခြုံရေးသတိပြုကြရန်၊ မိမိခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များကို ဂရုပြုကြရန်လိုကြောင်း၊ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းမကြီးများနှင့် ကုန်ထုတ်လမ်းများ ဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများက စနစ်တကျစီမံခန့်ခွဲပေးကြရန်လိုက်ကြောင်း မိမိတို့ဌာန၏ အသွင်သဏ္ဍာန်ကောင်းမွန်ရေးအကြောင်းတို့ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲတင့်