ရေး ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ တပ္ပလ္လင်နှစ်ဆူဓမ္မာရုံတွင် အသက်၂ နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များတို့အား ကျန်းမာသန်စွမ်းပြီးရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါလုပ်ငန်းကို ရေးမြို့နယ်အတွင်းရှိ မွေးစမှအသက်(၂)နှစ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတို့အား ဘီစီဂျီဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကိုလည်း တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်(၁ ရက်နှင့် ၂ ရက်နေ့)တွင် ပုံမှန်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် ရေးမြို့ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံသည့် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံရာတွင် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)