သဲကုန်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်၁၀နာရီက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ပေးမှုအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
ရှေးဦးစွာသဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်စားသုံးသူရေးရာကာကွယ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးထင်ဇော်ထွန်းက စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရေးစင်တာနှင့်ပတ်သတ်၍ တိုင်ကြားနိုင်သည့်နေရာ၊တိုင်ကြားနိုင်သည့် အခြေအနေနှင့် ဖြေရှင်းဆောင်ရွက်မပေးသည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး အွန်လိုင်းဝန်ဆောင်မှု Talk Show ဆွေးနွေးပွဲများကို အကြောင်းအရာအလိုက် လစဉ်ရိုက်ကူးတင်ဆက်လျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည့်ဆက်ဆံရေးဦးစီးဌာန သဲကုန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Page များတွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး ပြန်/ဆက်