အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့သည် စိုက်ပျိုးရေးအတွက် အခြေခံကောင်းမွန်သော မြေအမျိုးအစားဖြစ်ပြီး တောင်ယာစိုက်ပျိုးရာတွင် ကောင်းမွန်သဖြင့် စုကလိမြို့နေပြည်သူများအနေဖြင့် ငရုပ်မျိုးများ စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုနှစ်အထွက် နှုန်းကောင်းမွန်ပြီး စျေးကောင်းရရှိကြောင်းသိရသည်။
Dec 01,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဒီဇင်ဘာလ (၁) ရက်နေ့တွင်ကျရောက်သည့်"ကမ္ဘာ့ခုခံအားကျဆင်းမှ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်အသိပညာပေးTalk Show ကိုယနေ့နေ့လည် (၁)နာရီက ပြုလုပ်ခဲ့သည်။
Dec 01,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက်ပိုင်းက (၃၄)ရပ်ကွက်၊ နာရီစင်မှတ်တိုင်အနီးရှိ ဘေလီတံတားထိပ်နှင့် ပြည်ထောင်စုလမ်း၊ ၇/၈လမ်းဆုံတွင် ယာဉ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 01,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
မွန်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိစေရန်အတွက် ဒေသတွင်းအလားလာကောင်းများရှိသည့် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ( ၂/ ၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။