ပုသိမ်ကြီး ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဒီဇင်ဘာလ (၁) ရက်နေ့တွင်ကျရောက်သည့်"ကမ္ဘာ့ခုခံအားကျဆင်းမှ ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်အသိပညာပေးTalk Show ကိုယနေ့နေ့လည် (၁)နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့၀င်စုလှိုင် (ပြန်/ဆက်)တို့က ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (သို့)ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ (World AIDS Day) သတ်မှတ်ကျင်းပရမှုနှင့်ပတ်သက်၍ ၁၉၈၇ခုနှစ် ဩဂုတ်လအတွင်းတွင် ဂျနီဗာမြို့၊ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization)မှ ပြည်သူ့ပြန်ကြားရေးဝန်ထမ်းနှစ်ဦးဖြစ်သော ဂျိမ်းစ်ဘန်း (James Bunn)နှင့် သောမတ်စ်နက်တ(Thomas Netter)တို့သည် အေအိုင် ဒီအက်စ်ခုခံအား ကျဆင်းမှုကူးစက်ရောဂါအတွက်အထိမ်းအမှတ်နေ့သတ်မှတ်ရန် စိတ်ကူးမိကြပြီးနောက် ထို နှစ်ဦးမှ ကုလသမဂ္ဂ ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့ (UNAIDS) ညွှန်ကြားရေးမှူး ဒေါက်တာဂျော်နသန်မန်း (Dr. Jonathan Mann) သို့ တင်ပြလိုက်သည်။ ဒေါက်တာမန်းမှလည်း သဘောကျ၍ အတည်ပြုပေးလိုက်သောကြောင့် ပထမဆုံးကမ္ဘာ့ ခုခံ အားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Day) ကို ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် စတင်ကျင်းပခြင်းများ၊ထိုနေ့သည် အိတ်ချ်အိုင်ဗွီ ရောဂါပိုးမွှားကြောင့် ဖြစ်ပွားသည့် အေအိုင်ဒီ အက်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို သတိရှိစေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသည့် နေ့ရက်ဖြစ်ကြောင်း၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ နှစ်စဉ် ဒီဇင် ဘာလ ၁ ရက်နေ့ ဖြစ်ပြီးထိုနေ့သို့ ကျရောက်တိုင်း ကမ္ဘာတဝန်းတွင် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးသူများကို ရည်စူး၍ လွမ်းဆွတ်အောင့်မေ့ပွဲများ အခမ်းအနားများ ကျင်းပမှုတို့ကို အသိ ပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)