တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်ကုတ်   ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကျင်းပရာတွင် အခြေခံပညာအထက်တန်းအဆင့်ပန်းချီပြိုင်ပွဲ၌ ကျောင်းသား၊ကျောင်းသူ (၁၃) ဦးတို့မှသာစွဌာနေ ရခိုင်ပြည်နယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ပြိုင်ပွဲ၌ ‌ကျောင်းသား၊ ကျောင်းသူ(၄၃)ဦးတို့မှ ပညာရေးဖြင့်ခေတ်မီတိုးတက်နေသော ရခိုင်ပြည်နယ်ကြီးကို တည်ဆောက်စို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးတို့မှ ရခိုင်ပြည်နယ် သာယာဖို့ ဒို့တွေအားလုံး ကြိုးပမ်းစို့ ခေါင်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် ‌ကျောင်းသား၊ကျောင်းသူ (၃၆)ဦးတို့က ရခိုင်ပြည်နယ်တိုးတက်ရေး နှင့် လူငယ့်တာဝန် ခေါင်းစဉ်ဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းအောင် နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်း သား၊ကျောင်းသူ (၁၀၉)ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)