ဒဂုံမြောက် ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရန် ယနေ့နံနက်ပိုင်းက (၃၄)ရပ်ကွက်၊ နာရီစင်မှတ်တိုင်အနီးရှိ ဘေလီတံတားထိပ်နှင့် ပြည်ထောင်စုလမ်း၊ ၇/၈လမ်းဆုံတွင် ယာဉ်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ ယာဉ်သွားလာမှု ရှုပ်ထွေးသည့် ရုံးတက်ချိန်၊ ရုံးဆင်းချိန်များတွင် မော်တော်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းသူ ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများသိရှိ လိုက်နာနိုင်စေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်စေရန်၊ ယာဉ်များပေါ်တွင် လိုက်လံစီးနင်းလာသူများ လုံခြုံမှုရှိစေရန် မြို့နယ်အတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးများကို မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူး ဇော်ဝင်းမိုးဦးဆောင်ပြီး တပ်ဖွဲ့ဝင်များက အသိပညာပေး၍ ယာဉ်စစ်ဆေးခြင်းတို့ကို လုံခြုံရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအေထာက်အကူပြုအဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)