ရွှေတောင် ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု၊ မအူတိုင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်းပညာ အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ( ၂/ ၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦး ကျော်လွင်တို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးသူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးလက်နေ ဒေသခံအမျိုးသမီးများ အိမ်တွင်းမှုဆိုင်ရာ အတတ်ပညာများ အခမဲ့သင်ကြားခွင့်ရရှိပြီး တစ်ပိုင်တစ်နိုင် တစ်ဖက်တစ်လမ်းမှ မိသားစု စီးပွားရေး ဝင်ငွေရရှိနိုင်ရန်ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်နည်းပြဆရာမက သင်ကြားခဲ့သည့် ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ထူးချွန်ဆုရရှိသည့် သင်တန်းသူအားဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းကို (၂ - ၁၁ - ၂၀၂၂) မှ (၃၀ -၁၁ - ၂၀၂၂) ထိသင်တန်းပို့ချ သင်ကြားခဲ့ပြီး သင်တန်းသားဦးရေ (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)