ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

ဘုတ်ပြင်း  ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးမွမ်းမံသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင်တန်းဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ သင်တန်းနည်းပြများက ဘာသာရပ်အလိုက်သင်ခန်းစာများကို ပို့ချခဲ့သည်။

အဆိုပါသင်တန်း၌ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ စာရေးဝန်ထမ်း (၂၃) ဦး တက်ရောက်ကြပြီး  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့်ဦးစီးတာဝန်များ၊ ဝန်ထမ်းစည်းမျည်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ သစ်တောဥပဒေညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ၊ မဲစာရင်းပြုစုခြင်းဆိုင်ရာများ၊ မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းစင်ရေးဆိုင်ရာများ၊ နိုင်ငံခြားသားဥပဒေနှင့် လဝကလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထုတ်ချေးသည့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ယစ်မျိုးနှင့်ဓာတ်သတ္တုအမှုတွဲတည်ဆောက်ခြင်းလုပ်ထုံးလုပ်နည်းများ၊ရေလုပ်ငန်းအကြောင်းနှင့် ရေလုပ်ငန်းလိုင်စင်သိကောင်းစရာများ၊ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လက်တွေ့အသုံးပြုလျက်ရှိသည့် မီးသတ်ဥပဒေဘာသာရပ်များ ရပ်ကျေးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့်အခြား နည်းသုံးစွဲခွင့်လုပ်ထုံးလုပ်နည်းများ၊ ပိုးသတ်ဆေးဓာတ်မြေဩဇာဥပဒေနှင့်သီနှံ အထွက်တိုးဆောင်ရွက်ရေးနည်းလမ်းများနှင့်အခြားဝန်ထမ်းရေးရာနှင့်ပတ်သက်သည်ဘာသာရပ်များကို ဇွန်လ(၁၆) ရက်နေ့မှ (၂၂) ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)