အမြို့မြို့အနယ်နယ်သတင်းများ

Jun 17,2025
၂၀၂၄-၂၀၂၅ပညာသင်နှစ်  (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ-ထ-က(စဉ့်ကိုင်)စာစစ်ဌာန၊ အ-ထ-က(ပလိပ်) စာစစ်ဌာနနှင့် အ-ထ-က(ဘယ်လင်း) စာစစ်ဌာနတို့၌  ဇွန်လ ၁၇ ရက်နေ့ ယနေ့နံနက်ပိုင်းက ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။
Jun 17,2025
ပြင်ဦးလွင်မြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ  ၁၆ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Jun 17,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အစိုးရနည်းပညာကောလိပ်ဝင်းအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)  ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်နှင့် ဌာနမှူးများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
Jun 17,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
Jun 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
Jun 17,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေသခံပြည်သူများထံသို့ ဘေးအန္တရာယ် ၉ မျိုးအကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စည်သာယာရေးအဖွဲ့၏ ဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။