စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၌ ရွှေဘိုပေါ်ဆန်းဆန်အိတ် (၅၀၀၀) စီးဝင်/ စီးထွက်လမ်းကြောင်း ချောမွေ့စေရေး၊ ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဟာအောင်မြေ ဇွန် ၁၇

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွှဲပိုင်းက ဆန်လိုဒေသဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းဆန်အိတ်(၅၀၀၀) စီးဝင်/စီးထွက်လမ်းကြောင်းချောမွေ့စေရေး၊ ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဆန်လိုဒေသဖြစ်သော ရန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း လစဉ် ရွှေဘိုပေါ်ဆန်းဆန်အိတ် (၅၀၀၀) အား စီးဝင်/ စီးထွက်လမ်းကြောင်းများ ချောမွေ့စေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရေးကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးမှလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဟန်ဝင်းကျော်မှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန် မြန်ဆန်စေရေးလုပ်ငန်းကော်မတီ(OSS)အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းမင်းမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဇေယျာဆွေနှင့်စစ်ကိုင်းတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျှန်စွမ်းမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း၊ ဥက္ကဋ္ဌ ဦးကျော်မင်းဌေးမှလည်းကောင်း၊ Zoom ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်း၊ ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် ရွှေဘိုခရိုင်ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း ကိုယ်စားလှယ်တို့မှလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း