မဟာအောင်မြေ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်လှိုင်မှ အဖွင့်အမှာစကားပြောကြားရာ သင်တန်းသားများအနေဖြင့် (၂၀၂၂)ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်(၃၀)နှင့်အညီ လိုက်နာကျင့်သုံးကြရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ယခုကဲ့သို့ သင်တန်းများတွင် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားဖို့လိုကြောင်း၊ မိမိတို့ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ ဌာနခွဲများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ သိရှိမှသာ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေးဆိုင်ရာရှု့ထောင့်မှ ကုန်စည်ထုတ်လုပ်သူများအား လုံခြုံစိတ်ချရမှုဖြစ်စေသည့်လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်မှုရှိ/ မရှိ၊ မှန်ကန်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးသည့်လုပ်ငန်းစဉ်များ၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့၏ အခြေခံသိသင့်သိထိုက်သော အချက်များ ပို့ချဖို့လိုကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် ဘာသာရပ်များအလိုက် စနစ်တကျ မှတ်သားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇေယျာဆွေမှ သင်တန်းကာလအား ၂၀၂၅ ခုနှစ်ဇွန်လ ၁၆ ရက်နေ့မှဇူလိုင်၁၈ရက်နေ့အထိ ရက်သတ္တပတ် (၅) ပတ် ကျင်းပသွားမည်ဖြစ်ကြောင်း၊သင်တန်းသား/ သင်တန်းသူ(၂၀)ဦးအား စာတွေ့/လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာများ၊ စီမံရေးရာဌာနခွဲဆိုင်ရာ လုပ်ငန်းများ၊ ငွေစာရင်းဌာနခွဲဆိုင်ရာ လုပ်ငန်းများ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာလုပ်ငန်းများ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ၊ မူဝါဒဌာနဆိုင်ရာလုပ်ငန်းများ၊ သတင်းအချက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ကုန်သွယ်ရေးဦးစီးဌာန၏ လုပ်ငန်းများ၊ မူပိုင်ခွင့်ဦးစီးဌာန၏ လုပ်ငန်းများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ လုပ်ငန်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Short Video ပြုလုပ်နည်းဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း