တန့်ယန်းမြို့နယ်တွင် ဒေသခံပြည်သူများအား သစ်တောဦးစီးဌာနမှ သစ်ပင်ပျိုးပင် အခမဲ့ဖြန့်ဝေပေးလျက်ရှိ

တန့်ယန်း ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရပင်နှင့် နှစ်ရှည်သစ်ပင်များအား ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်သစ်တောဦးစီးဌာန မြို့မယာယီပျိုးဥယျာဉ် အမှတ်(၁)၊ အမှတ်(၂)တို့မှ ယခုနှစ် မိုးရာသီ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ဖြန့်‌ဝေပေးနိုင်ရန် မယ်ဇလီ ၅၀၀၀ ပင်၊ ကျွန်း ၂၀၀၀ ပင်၊ ခါတော်မီ ၂၀၀၀ ပင်၊ မန်ဂျန်ရှား ၃၀၀၀ ပင်၊ ယူကလစ် ၂၀၀၀ ပင်၊ ထင်းရှူး ၂၀၀၀ ပင်၊ ချယ်ရီ ၂၀၀၀ ပင်၊ ပန်းဝါ ၁၀၀၀ ပင်၊ ယမနေ ၁၀၀၀ ပင် စုစုပေါင်းပျိုးပင် နှစ်သောင်း ပျိုးထောင်ထားပြီး မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ တစ်ကြိမ်နှင့် ဒေသခံပြည်သူများ စိုက်ပျိုးနိုင်ရန်အတွက် ယနေ့အထိ သစ်ပင်ပျိုးပင် ရှစ်ထောင့်ရှစ်ရာကျော် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကောင်းမြတ်စိုးထံမှ သိရသည်။

မင်းလွင်ဦး(တန့်ယန်း)