၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပုသိမ်ကြီး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အစိုးရနည်းပညာကောလိပ်ဝင်းအတွင်း၌ ယနေ့နံနက် ၇ နာရီခွဲက ၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရနည်းပညာကောလိပ် (မန္တလေး)  ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်နှင့် ဌာနမှူးများ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများဖြင့် စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဝန်ကြီးချုပ်မှ သစ်ပင်စတင်စိုက်ပျိုးခဲ့ပြီးနောက် တက်ရောက်လာသူများ သစ်ပင်စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး၊ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် သစ်မျိုး (၁၄)မျိုး၊ ပျိုးပင်ပေါင်း (၈၇၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)