ညောင်တုန်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲကျင်းပ

ညောင်တုန်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

ထို့သို့ပြုလုပ်ရာတွင် မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် အမှိုက်ပုံးအရောင်များအလိုက် အမှိုက်ခွဲခြားစွန့်ပစ်မှုများကို အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက အမှိုက်ခွဲခြားစွန့်ပစ်မှုများကို လက်တွေ့သရုပ်ပြဆောင်ရွက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များခွဲခြားသတ်မှတ်ထားရှိမှုနှင့် စနစ်တကျခွဲခြားစွန့်ပစ်မှု အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)