ဓနုဖြူ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင်မြစိမ်းရောင်စီမံကိန်းကျေးရွာများ၏ စီမံကိန်း အတိုးရငွေ(၅ဝ%)ဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဓနုဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းကျေးရွာများမှ တောကြီး(တောင်)ကျေးရွာအုပ်စု၊ ကန်ဒေါင့်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်(၁၁)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအားလည်းကောင်း၊ ကျုံတနော်အရှေ့ကျေးရွာအုပ်စု၊ တော်ရိုးကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ကျပ်(၁၁.၃၀)သန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ လက်ဆွဲချောင်းကျေးရွာအုပ်စု၊ လက်ဆွဲချောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ (၁၀.၀၇)ကျပ်သန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ဆင်လမ်းကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်(၁၀.၃၀)သန်းဖြင့် ကျေးရွာအတွင်းလျှပ်စစ်မီးလင်းရေး လုပ်ငန်းအားလည်းကောင်း၊ ရေကြည်ကျေးရွာအုပ်စု၊ အညာစုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်(၁၉.၄၀)သန်းဖြင့် ကျေးရွာအတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်းဆောင်ရွက်မှုတို့မှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)