မှော်ဘီ ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန် ရေဝင်ရေထွက်ရေမြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ရန်ကုန်ပြည်လမ်းမကြီး၌ လေပြင်းတိုက်ခတ်၍ ကျွန်းပင်များလဲကျခဲ့ပြီး လမ်းပေါ်ကျရောက်မှုများအားဖယ်ရှားခြင်းကို ယမန်နေ့နံနက်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် စည်ပင်သာယာအမှုဆောင်အရာရှိဦးခင်ဦးနှင့်ဝန်ထမ်းများက မှော်ဘီမြို့အမှတ်(၄)လမ်းဆုံ ရန်ကုန်-ပြည်လမ်းမကြီးတလျောက် ရေနှုတ်မြောင်းများအတွင်း သဲနှုန်းများ၊ အမှိုက်များအား စက်ယန္တယားဖြင့် ရေစီးရေလာ ကောင်းမွန်စေရေး တူးဖော်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်-ပြည်လမ်း မိုင်25/4အနီး ၁၅ ရက်နေ့ည ၁၁ နာရီအချိန်ခန့်တွင် လေပြင်းတိုက်ခတ်၍ ကျွန်းပင်လဲကျခဲ့ပြီး လမ်းပေါ်ကျရောက်ခဲ့မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများပူပေါင်း၍ ယာဉ်ကြောပိတ်ဆို့ပြတ်တောက်မှု မရှိစေရေးအတွက် ပူးပေါင်းခုတ်ထွင်ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မှော်ဘီမြို့နယ်အတွင်း၌ ရေစီးရေလာကောင်းမွန်စေရန်နှင့်ရန်ကုန်-ပြည်လမ်းမကြီး လမ်းဘေးဝဲယာရှိသစ်ပင်ကြီးများအား အလင်းဖွင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာရာအမှုဆောင်အရာရှိ၏ ပြောကြားချက်အရသိရသည်။
ဝင်းဇော်(ပြန်/ဆက်)