မိုင်းဖြတ်မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

မိုင်းဖြတ် ဇွန် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက တူညီဝတ်စုံများပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ မြို့နယ်မိသားစုစည်းရုံး​ရေးနှင့် စည်းကမ်းထိန်းသိမ်း​ရေး​ကော်မတီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ဝင်းတို့က ဝန်ထမ်း ၄၆ ဦးအတွက် တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)