မဟာအောင်မြေ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်ဇွန်လ(၁၆)ရက်နေ့မှစတင်၍ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား ယနေ့နံနက်(၉) နာရီတွင် ကျောင်းသား၊ ကျောင်းသူ(၁၀၃၁)ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ်ဇွန်လ( ၁၆)ရက်နေ့မှစတင်၍ ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုမည့်အမှတ်( ၁၃) အ.ထ.က စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၃၈၂) ဦး၊ ဖြေဆိုသူ(၃၇၅) ဦး၊ ပျက်ကွက်သူ(၇) ဦး၊ အမှတ်(၂) အ.ထ.ကခွဲ စာစစ်ဌာန၌ ကျောင်းသား၊သူ စာရင်းရှိ(၂၅၁)ဦး ဖြေဆိုသူ (၂၄၈) ဦး၊ ပျက်ကွက်သူ(၃) ဦး၊ အမှတ်(၁၂) အ.ထ.ကခွဲ စာစစ်ဌာန၌ ကျောင်းသား၊သူ စာရင်းရှိ(၁၃၃)ဦး ဖြေဆိုသူ(၁၃၁) ဦး၊ ပျက်ကွက်သူ(၂) ဦး၊ အမှတ်(၈) အ.ထ.ကခွဲ စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၁၃၆)ဦး ဖြေဆိုသူ(၁၃၀) ဦး၊ ပျက်ကွက်သူ(၆) ဦး၊အမှတ်( ၃) အ.ထ.က စာစစ်ဌာန၌ ကျောင်းသား၊သူ စာရင်းရှိ(၁၅၁)ဦး ဖြေဆိုသူ(၁၄၇) ဦး၊ ပျက်ကွက်သူ(၄) ဦး၊ စုစုပေါင်းစာရင်းရှိ (၁၀၅၃)၊ ဖြေဆိုသူ( ၁၀၃၁)ဦး၊ ပျက်ကွက်(၂၂)ဦး (၉၇.၉၁)%ရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန(၅)ခု ၏ ပတ်ဝန်းကျင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ဌာနတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက လုံခြုံရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း