တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade - 12 ) ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

တံတားဦး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ်  တက္ကသိုလ်ဝင်တန်း Grade – 12 ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တံတားဦးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

တံတားဦးမြို့နယ်တွင် ပြန်လည်ကျင်းပသည့်  ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (Grade-12) တွင် တံတားဦးမြို့နယ်အနေဖြင့် အ-ထ-က-တံတားဦးစာစစ်ဌာနနှင့် ချောင်းခွစာစစ်ဌာနတို့ဖြစ်ပါကြောင်း အ-ထ-က-တံတားဦး စာစစ်ဌာနတွင် ဖြေဆိုရန်ကျောင်းသား(၂၃၁)ဦး၊ ကျောင်းသူ(၂၃၈)ဦး စုစုပေါင်း (၄၆၉)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၂၂၇) ဦး၊ ကျောင်းသူ (၂၃၈) ဦး စုစုပေါင်း(၄၆၅)ဦး ဖြေဆိုသူအားဖြင့် (၉၉.၁၅)ရာခိုင်နှုန်းရှိပါကြောင်း၊ ဒါ့အပြင်  ချောင်းခွစာစစ်ဌာန တွင်  ဖြေဆိုရန်ကျောင်းသား(၆၈)ဦး၊ ကျောင်းသူ(၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး စာရင်းပေးထားသော်လည်း၊ အဆိုပါစာစစ်ဌာနတွင် ကျောင်းသား(၆၈) ဦး၊ ကျောင်းသူ (၁၂၉)ဦး စုစုပေါင်း (၁၉၇)ဦး ဖြေဆိုသူအားဖြင့် (၁၀၀.၀၀)ရာခိုင်နှုန်းရှိပါကြောင်း၊ တံတားဦးမြို့နယ်အနေဖြင့် ပြန်လည်ကျင်းပသည့် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်တန်း Grade-12 တွင် လာရောက်ဖြေဆိုသည့် ကျောင်းသား(၂၉၅)ဦး၊ ကျောင်းသူ(၃၆၇)ဦး စုစုပေါင်း(၆၆၂)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၉၉.၄၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရန် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)