အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက် (၂၅-၁-၂၀၂၃ ရက်)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူဦးရေ နေ့စဉ် ၁၀၀၀ ခန့်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား လာရောက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်မှုလျော့နည်းလာစေရန်နှင့် မီးလောင်ကျွမ်းမှုတစ်စုံတစ်ခုဖြစ်ပေါ်ပါက ချက်ချင်းသိရှိဆက်သွယ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဌာနဆို်ငရာများပူးပေါင်း၍ အများပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Feb 21,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်ရန်အတွက် ကြိုတင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Feb 21,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများအား တွေ့ဆုံခဲ့သည်။
Feb 21,2023
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် Federation Of (MLCA)၏ စတုတ္ထအကြိမ် သင်းလုံးကျွတ် အထွေထွေအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။
Feb 21,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ဝန်ကြီးများအဖွဲ့သည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အာဟာရဖြည့် အစားအစာများပေးအပ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြို့နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သည်များသုံးစွဲနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက လက်ခံရယူခဲ့သည်။
Feb 21,2023
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လက်ပံတန်း-မိုးညို-နတ်တလင်း လမ်းပိုင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှု အခြေအနေတို့အား မြို့နယ်တာဝန်ရှိသူများ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။