အမြို့မြို့အနယ်နယ်သတင်းများ

Feb 21,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် သပြေပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းကြက်ခြေနီအသင်းငယ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ မြတ်လေးဆောင်တွင် ကျင်းပသည်။
Feb 21,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့် နေရက်နေ့တိုင်း ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ‌ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ဇီဝကခန်းမနှင့် ကျောင်းကစားကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လူဦးရေစာရင်း မှန်ကန်ရေး  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဇန်နဝါရီလအတွင်း ဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၉ ရပ်ကွက်နှင့်ကျေးရွာပေါင်း ၁၈၂ ရွာတို့၌ ဆောင်ရွက်ခဲ့သည်။
Feb 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့ နံနက်(၉) နာရီအချိန်က မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး  Center တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 21,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနမှ အခြေခံငါးမွေးမြူရေးသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။