အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ တပေါင်းလရိုးရာ မီးရှူးမီးပန်းပွဲများ ကျင်းပနေလျက်ရှိရာ ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်က မီးရှူးမီးပန်းပွဲလာသူများ၊ ဒေသရိုးရာအစားအစာရောင်းချသူများဖြင့် ယနေ့တွင် ယခင်နှစ်ကထက် ပိုမို စည်ကားလျက်ရှိကြောင်း သိရသည်။
Feb 23,2023
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လွိုင်ကော်မြို့၊ ကယားပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်၊ ကယားပြည်နယ် ဥပဒေအရာရှိ ဦးဇော်ဝင်းဇံနှင့် ပြည်နယ်အတွင်းရှိ ခရိုင်ဥပဒေအရာရှိများ၊ မြို့နယ်ဥပဒေအရာရှိများနှင့်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
Feb 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ သာသနာဝိပုလ ဓာတ်တော်ကျောင်းတိုက်၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖောဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များမှ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ​ကြပ်မတ်ဆောင်ရွက်နိုင်ရေး ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Feb 23,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade – 5 နှင့် Grad - 9 အတန်းတင် စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်ပြီး သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန‌ကျောင်းများတွင် ကျင်းပခဲ့သည်။
Feb 23,2023
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် HPA (Health Poverty Action) တို့ပူးပေါင်း၍ (Cooking competition for nutrition month) အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ်နှင့် အာဟာရဆိုင်ရာ ချက်ပြုတ်နိုင်မူ စွမ်းရည်ပြိုင်ပွဲကို ယ​မန်နေ့နံနက် (၉) နာရီက ဟိုပန်မြို့နယ်၊ နောင်ဟေ့ကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 23,2023
၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်း အနားနှင့် တပေါင်းလပြည့်နေ့ ဆွမ်းဆန်တော်လောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြသည်။