အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည် "ဘဝကို ကောင်းကျိုးမပေးသောလူ့မာန" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစု‌ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍  ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအား ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပစေရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့တွင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းအဖြစ် မြို့ပတ် လမ်းဆုံ လေးတိုင်စင်လမ်းလယ်ကျွန်းတို့ကို ဆေးသုတ်ခြင်းနှင့်
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade(5)၊ Grade(9) နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Feb 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့က မဲရုံဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြသည်။
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ သာပေါင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေ များအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လှေကြီးတက် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ ရွှေရတနာပုံ ကျောင်းတိုက်ရှိဓမ္မာရုံတွင် စတင်ဖွင့်လှစ်ခဲ့သည်။