သာပေါင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ သာပေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင်ခန်းမ၌ တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်မှ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆောင်ရွက်ထားရှိမှုများအား တင်ပြရာ ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အထက်တန်းကျောင်း(၇)ကျောင်း ထ(ခွဲ)(၇)ကျောင်း၊ ပေါင်း(၁၄)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၇၁)ဦး၊ ပုသိမ်မြို့နယ် အ.ထ.က(မကျီးဇင်မှ)(၁၁)ဦး အတွင်းဖြေ စုစုပေါင်း(၂၈၂)ဦး၊ ကိုယ်ပိုင်ကျောင်းမှ (၄၈)ဦး အပါအဝင် ပြင်ပဖြေဆိုသူ စုစုပေါင်း (၄၀၇)ဦး၊ မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၆၈၉)ဦးသည် စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပါသည်။
ယခင်နှစ် ၂၀၂၂ ခုနှစ်တွင် ဖြေဆိုသူ(၁၂၁၂) ဦး ရှိပြီး(၆၄၄)ဦး အောင်မြင်၍ အောင်ချက်ရာနှုန်း ၅၃.၁၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်သည် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် နောက်ဆုံး အခွင့်အရေးဖြစ်သဖြင့် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးကို နှစ်စမှစတင်၍ ဆောင်ရွက်လျက်ရှိရာ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူများကို နံနက် ၈ နာရီမှ ၉ နာရီအထိ နေ့စဉ်သင်ကြားပြီး ညနေပိုင်းတွင် စာသင်ချိန် ၁ ချိန် စာစစ်ခြင်း၊ စနေ အချိန်ပို တစ်နေ့တာလုံး သင်ကြားပေးခြင်း ဆောင်ရွက်ထားရှိပြီး အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူများလည်း အခြေခံပညာကျောင်း (၅)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ကျောင်းချိန် အတိုင်းတက်ရောက် သင်ယူလျက်ရှိသည်။ အ.ထ.က-သာပေါင်းတွင် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးကို နေ့စဉ် ညနေ ၄ နာရီ မှ ၆ နာရီ ထိသင်ကြားပေးခြင်း စနေနေ့ အချိန်ပို သင်ကြားပေးလျက်ရှိပြီး ပြင်ပဖြေ (၄၀၇)ဦး၏ သင်ကြားသင်ယူမှု အခြေအနေနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများတွင် တက်ရောက်သူ(၂၅)ဦး ဘာသာရပ်သင် ကျောင်းတွင်(၇၄)ဦး ကိုယ်ပိုင်ကျောင်းတွင်(၇၈)ဦး ပြင်ပကျူရှင်တက်သူ(၂၄၃)ဦး ကိုယ်တိုင်လေ့လာသူ(၁၇)ဦး ရှိကြောင်း သိရပါသည်။
မြို့နယ် အဆင့်ဘာသာရပ်ဆွေးနွေးပွဲ ၁၉-၁၀-၂၀၂၂ နေ့တွင် ပြုလုပ်ခဲ့ပြီး ပထမအကြို စာမေးပွဲတွင် အောင်ချက်ရာနှုန်း ၃၉.၄၈ ရာနှုန်း ရရှိခဲ့ပြီး ဒုတိယအကြို စာမေးပွဲတွင် ၅၀.၃၉ ရာနှုန်း တိုးတက်ရရှိခဲပါတယ် ယခု တတိယအကြို စစ်ဆေးခြင်းကို (၁၄-၂-၂၀၂၃ မှ ၂၀-၂-၂၀၂၃) ထိ အတွင်းဖြေ(၂၆၀)ဦး ပြင်ပမှ(၁၅၄)ဦး ဝင်ရောက်ဖြေဆိုထားပါသည်။ အောင်ချက်ပိုမို တိုးတက်စေရန်အတွက် (၄-၂-၂၀၂၂) နေ့တွင် ပုသိမ်တက္ကသိုလ် ဘာသာရပ် ဆွေးနွေးပွဲမှ ပို့ချချက်များကို အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူများပါ သိရှိနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ပူးပေါင်းမှုဖြင့်ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခြင်း၊ နိုင်ငံပိုင် သတင်းစာပါ ဘာသာရပ် အလိုက်ဆွေးနွေးပို့ချချက်များကို လက်ကမ်းစာစောင်ပို့ချ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်၍ အောင်ချက်မြင့်မားအောင် ဆောင်ရွက်ထားပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေးစကားပြောကြားရာ ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်း နောက်ဆုံးနှစ် ဖြစ်၍ ၁၀၀ ရာခိုင်နှုန်းပြည့် အောင်မြင်ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲအောင်ရန် အောင်စိတ်မွေး ကြိုးစားရမှာဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်ရန် စာကို ပုံမှန်ကျက်မှတ်လေ့ကျင့်လျှင် အခက်အခဲမရှိ ဖြေဆိုနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စာမေးပွဲဖြေဆိုသူ အများဆုံးဖြစ်သလို အောင်ချက်အများဆုံး တိုင်းဒေသကြီးလည်းဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှ ရှေ့ဆက်ရမည့် ဘဝခရီးကို အောင်မြင်ချောမွေ့စွာ လျှောက်လှမ်းသွားနိုင်မှာဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ယခုတစ်နှစ်ကို ကလေးတွေ စာမေးပွဲဖြေဆိုရန် အခွင့်အရေး ပေးစေလိုကြောင်း စသဖြင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေ(၆၈၉၀၀၀)ကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်သက်နိုင်က လက်ခံရယူခဲ့သည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ကျောင်းတွင်းဖြေ(၂၈၂)ဦး၊ ပြင်ပဖြေ(၃၀၇)ဦး၊ ပေါင်း(၆၈၉)ဦး ရှိကြောင်းသိရှိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)