ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် Grade – 5 နှင့် Grade – 9 အတန်းတင်စာမေးပွဲများဖြေဆို

ပေါင် ဖေဖော်ဝါရီ ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade – 5 နှင့် Grad - 9 အတန်းတင် စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းကစတင်ပြီး သက်ဆိုင်ရာအခြေခံပညာဦးစီးဌာန‌ကျောင်းများတွင် ကျင်းပခဲ့သည်။

အဆိုပါစာမေးပွဲကျင်းပရာတွင်‌ ပေါင်မြိုနယ်ရှိ စာစစ်ဌာန (၁၆၃) ခု၌ Grade - 5 စာမေးပွဲအား ကျောင်းသား (၁၄၅၇) ဦးနှင့် ကျောင်းသူ (၁၄၅၄) ဦး စုစုပေါင်း (၂၉၁၁) ဦးတို့ ဝင်ရောက်ဖြေဆို ကြပြီး Grade – 9 စာမေးပွဲအားကျောင်းသား (၆၀၆) ဦး ကျောင်းသူ (၉၃၇) ဦး စုစုပေါင်း (၁၅၄၃) ဦးတို့က အေးချမ်းစွာဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ကျောင်းသား၊ ကျောင်းသူများစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများက စာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)