Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အခြေခံပညာကျောင်းများ(စာစစ်ဌာန)၌ Grade-9 နှင့် Grade-5 အစိုးရစစ်စာမေးပွဲများ စတင်ဖြေဆို
Feb 23,2023
မန္တေလးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ Grade-9 နှင့် Grade–5 နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က အခြုခံပညာကျောင်း(စာစစ်ဌာန)များ၌ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကျင်းပ
Feb 23,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ Youth For All အဖွဲ့အစည်းမှကြီးမှူးပြီး ရခိုင်မျိုးနွယ်စုတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆောင်ရွက်
Feb 23,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က “လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းဆီထွက်သီးနှံ (နေကြာ)တစ်ကွင်းတစ်ဆက်တည်းဧက(၁၀၀)စံပြကွက် ရွက်ဖျန်းမြေဩဇာ ထောက်ပံ့
Feb 23,2023
ပြည်နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ် အစရှိသော ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု မင်းဇီတောင်သူကွင်းရှိ တစ်ကွင်းတစ်ဆက်တည်း ဧက(၁၀၀) ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်တောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်
Feb 23,2023
ပေါက်တောမြို့၌ ၂၀၂၃ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား U-25 ရပ်ကွက် ကလပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူပြုစေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့်ထူးချွန် အား ကစားသမားများမှသည် နိုင်ငံတော်အတွက်အားထားရသော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြမင်းထွန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ ဖြေဆို
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာနိုင်ငံတစ်ဝှမ်း စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး
Feb 22,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13338
Page
13339
Page
13340
Page
13341
Current page
13342
Page
13343
Page
13344
Page
13345
Page
13346
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department