အမြို့မြို့အနယ်နယ်သတင်းများ

Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်  မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)အကြိုလှုပ်ရှားမှု  မျက်စိအတွင်းတိမ်လူနာများ၊ အခမဲ့ခွဲစိတ်ကုသမှုအစီအစဥ်ဖြင့် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးရုံလူနာစောင့်နားခိုဆောင်တွင် ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်း၊ ကွမ်းအခက်အခဲများ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်(၈)နာရီ က ဟိုပန်မြို့နယ်၊ ရဌပါလမဟာဗောဓိကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
Feb 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကင်းရှင်း‌ရေး အသိပညာပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Feb 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင် ရေးအတွက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လူနေအိမ်များ၊ အခြေခံပညာကျောင်းများ၊ ဓါတ်ဆီဆိုင်များ၊ ဘဏ်များ၊ Oriental High Way ကုမ္မဏီများသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေပိုင်းက ပုဇွန်တောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Feb 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မတ်လ ၅ ရက်(တပေါင်းလပြည့်နေ့)တွင် ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီတစ်ဦးထံမှ သိရသည်။
Feb 22,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Feb 22,2023
၂၀၂၃ ခုနှစ်၊ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး