အမြို့မြို့အနယ်နယ်သတင်းများ

Feb 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန် ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများများအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများ၊ ငါ့သရောက်နယ်မြေမီးသတ်စခန်း၊ စဉ့်ကူနယ်မြေမီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းနှင့် တောင်ဇင်းနယ်မြေမီးသတ်စခန်းနှင့် ရပ်ဝေးရပ်နီးမှအလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Feb 23,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုကျင်းပနိုင်​ရေး ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ စာစစ် ဌာန (၃) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၄၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ဝိုင်း‌မော်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
Feb 23,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး အဘိုးအဘွားများကို လူမှုရေးပင်စင်များ ပေးအပ်ခဲ့သည်။
Feb 23,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၂၃) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီ ရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီးဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
Feb 23,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အောင်မြေကုန်းတဲတိုက်သို့ ဝေမျှခြင်းပရဟိတ မိသားစုက ယနေ့နံနက် ၉ နာရီအချိန်က တောင်ဇင်းတိုက်နယ်အတွင်းရှိ အောင်မြေကုန်း တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။