အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်အစိုးရဓမ္မာစရိယနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲအတွက် စာမေးပွဲ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိလာရာ ယမန်နေ့‌ နံနက် ၉ နာရီခွဲအချိန်က ဆက်လက်ထုတ်ပေးလျက်ရှိသည်။
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အတွင်းဖြေ၊ အပြင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ပညာဒါန အနေဖြင့် ဘာသာရပ်များကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၌ ဘာသာရပ်များ သင်ကြားပို့ချပေး လျက်ရှိသည်။
Feb 28,2023
ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့် ဆက်စပ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ Royal Palace ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း (မကွေး)ဇုန်မှ တာဝန်ရှိသူများနှင့် မကွေးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Feb 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈) ရက်နေ့ထိ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းစာစစ်ဌာနများတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Feb 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အိမ်ခြံမြေဝန်ဆောင်မှုပညာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းကို ယမန်နေ့ ရက်က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
Feb 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ် စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှု နိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က မီးသတ် ဦးစီးဌာန၊ လက်ပံကျေးရွာနှင့် ကုမုဒြာစာကြည့်တိုက်သို့ သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။