ကျိုင်းတုံ ဖေဖော်ဝါရီ ၂၈
အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြာပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
ဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) ကျောင်းအုပ် ဦးတေဇာထွန်းနှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးတို့က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေများလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်း၊ စဉ်းစားတွေးခေါ်မှုမှန်ကန်စေရေး အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် စာပေဖတ်ရှုမှုပိုမိုတိုးပွားလာစေရေး အသိပညာပေးဟောပြောကြသည်။
ထို့နောက် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပြီး သုတ၊ ရသစာအုပ်စာစောင်များပြသ၍ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)