အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့ကျင့်ကောင်းများရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများကို အသိပညာပေး ဟောပြောခဲ့သည်။
Feb 28,2023
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပမည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Feb 28,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးလျက်ရှိသည်။
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကို အဓိကထားစိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများ ကျဆင်းနေသဖြင့် စိုက်ပျိုးရောင်းချသူ တောင်သူအချို့ အခက်ကြုံနေကြကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက် တောင်သူများထံက သိရသည်။
Feb 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် သီးနှံမျိုးစုံအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင်  သီးနှံမျိုးစုံ စိုက်ဧက (၂၂၇)ဧက ရေပြည့်ဝစွာပေးနိုင်ရေး ကလိုက်ကျော်(က)မြောင်းမှ တိုက်ရိုက်ရေပေးပြွန် (၅)လုံးအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Feb 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ စက်ရုံ/အလုပ်ရုံများနှင့် စက်မှုလုပ်ငန်းများတွင် ဆောင်ရွက်ခဲ့ကြ သည်။
Feb 28,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကျေးရွာမီးဘေးလုံခြုံရေးနှင့် အိမ်တွင်းမီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ မီးငြိမ်းသတ်နည်း သရုပ်ပြအခမ်းအနားကို ယမနေ့ ညနေပိုင်းက ဂန္ဓာမာကျေးရွာ၌ ပြုလုပ်ခဲ့ကြသည်။
Feb 28,2023
၂၀၂၃ ခုနှစ်၊ (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်(စံပြ)ကျေးရွာတွင် နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ကျေးရွာအဝင်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါလမ်းသစ်မုခ်ဦးတွင် ကျင်းပသည်။