အမြို့မြို့အနယ်နယ်သတင်းများ

Feb 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ စာစစ်ဌာနဖြစ်သော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး၊ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 28,2023
မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါစိုက်တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ရေခါးကျေးရွာနှင့် သပြေတောကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Feb 28,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ် ကျောက်ချက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ နေ့လည် ၃ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 28,2023
ရှမ်းပြည်နယ်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း(၃)မျိုး ဖွင့်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက တောင်ကြီးဟိုတယ်၌ ကျင်းပသည်။