အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်(၄)ခုဖြင့် ကျင်းပမည်ဖြစ်ပြီး မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၇၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
Mar 02,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကလေးလုပ်သားစစ်တမ်းကွင်းဆင်း ကောက်ယူခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် (၈) နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Mar 02,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)တို့ ပူးပေါင်းပြီး စာဖတ်ရှိ်နမြင့်မားရေးအတွက် စာရေးဆရာ ကြည်နိုင်ရေးသားသည့် “ဘဝပုံရိပ် စာပုံရိပ်” စာအုပ်အား ယနေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားရေး အားထား စိုက်ပျိုးသည့် ဆောင်းကြက်သွန်နီစိုက်ခင်းများမှာ ယခုအခါ စတင်သိမ်းဆည်း လျက်ရှိကာ တစ်ဧကလျှင် ကြက်သွန်နီပိဿာချိန် ၅၀၀၀ ခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ် ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။
Mar 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Mar 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် နေကြာ (ဆောင်း)သီးနှံ စိုက်ပျိုးထားမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်ထွေးအား တွေ့ဆုံမေးမြန်းခဲ့သည်။
Mar 02,2023
၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၈၅၉ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနများတွင် ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။