အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းငါးမျိုး အခမဲ့သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
Mar 02,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံလူငယ်များအား နွေရာသီ ကျောင်းပိတ်ရက်ရှည်ကာလများတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ နွေရာသီ ကရာတေးဒို အားကစားသင်တန်းကို ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့မအားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ဖွင့်လှစ်ပြသလျက်ရှိသည်။
Mar 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြ မည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ စတင်၍ ထုတ်ပေးရန်တွင် မတ် ၁ ရက်နေ့ နံနက် ၉ နာရီမှ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဆက်လက် ထုတ်ပေးလျက်ရှိသည်။
Mar 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူသည် ယမန်နေ့ နံနက်ပိုင်းက ငပုတောမြို့နယ်အတွင်းရှိ အ​ခြေခံပညာ အထက်တန်းကျောင်း ဟိုင်းကြီး၊ အ​ခြေခံပညာအထက်တန်းကျောင်း မကျည်းပင်၊ အခြေခံပညာ အထက်တန်းကျောင်း သင်္ကန်ကုန်းနှင့်  အခြေခံပညာအထက်တန်းကျောင်း ငရုတ်ကောင်းတို့ရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့သည်။
Mar 02,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နွေစပါး စီမံကိန်းအတွင် ပါဝင်သော တောင်သူများအား သွင်းအားစုမြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်သည်။
Mar 02,2023
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံမှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းလမ်းညွှန်သြဝါဒခံယူခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် မေးခွန်းထုတ်ဝေပေးရာတွင် ကြီးကြပ်မည့် မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ပညာရေးမှူးများ၊ စာစစ်ဌာနအလိုက် တာဝန်ထမ်းဆောင်ကြမည့် ကြီးကြပ်ရေးမှူး များနှင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရုံးလုပ်ငန်းတာဝန် များကို ထမ်းဆောင်ကြမည့် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
Mar 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ (၃)နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။