အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က တောင်တွင်းကြီးမြို့ပေါ် (၁၀)ရပ်ကွက်နှင့် မြို့မဈေး အတွင်းအပြင်တို့တွင် ရောင်းချလျက် ရှိသော ဆေးဆိုင်များအား တရားမဝင် ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Mar 02,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မြေအောက် ရေများခမ်းခြောက်လာ၍ သုံးရေများပြတ်လပ်လာသော ရပ်ကွက်များအတွင်း ရေပေးဝေရေးကုမ္ပဏီ ၏ ကူညီမှုဖြင့် ရွှေမယ်ယန်း လူမှုကူညီရေး ပရဟိတအသင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများအား ထောက်ပံ့ ပေးအပ်သည့် စားကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ (၃၁)ဘုံဆုတောင်းပြည့်စေတီ တော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၃၆)ကြိမ် မြောက် အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ခိုင်မိုး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တက်ရောက်ကြည်ညိုခဲ့ကြသည်။
Mar 02,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2023
ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့သူမြို့သားများ၊ သာသနာ့နုဂ္ဂဟအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များ၊ တောင်ခြေအနီးနားရှိ ရွာသူရွာသားများ၊ ဗုဒ္ဓဘာသာဝင်များအားလုံးက စုပေါင်းပြုလုပ်မည့် မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ငြိမ်းချမ်းရေးစုတောင်းပြည့် ရန်ပြေမာန်ပြေ စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 02,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၂)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 02,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံ ငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေး နေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) သို့ သွားရောက်ငှားရမ်း ပေးကြသည်။