ကလိန်အောင် မတ် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုကြမည့် ကလိန်အောင်မြို့မှ ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်း ကျောင်း အထက ကလိန်အောင် စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၁၀) ဦး၊ ပြင်ပမှဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၁၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၅) ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး အဆိုပါစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေပြီဖြစ်ကြောင်း ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခင်ခင်လဲ့ (ကလိန်အောင်)