ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာနငါးခုဖွင့်လှစ်ထား၍ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်း

ပေါက်တော မတ်

၂၀၂၃ ခုနှစ် မတ်လ ရက်နေ့တွင် စတင်ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်အတွင်း စာစစ်ဌာနငါးခုဖွင့်လှစ်ထားပြီး အထက (ပေါက်တော) စာစစ်ဌာန တွင် ၄၄၄ ဦး၊ အထက (မြို့မ) စာစစ်ဌာနတွင် ၁၉၄ ဦး၊ အထက (ကျောက်တော်) စာစစ်ဌာန တွင် ၁၅၄ ဦး၊ အထက (မြင့်ဂါ) စာစစ်ဌာနတွင် ၁၂၀ ဦးနှင့် အထက (ဆင်တက်မော်) စာစစ်ဌာန တွင်၂၄၁ ဦး စုစုပေါင်း ၁၁၅၃ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)