ကျွန်းစုမြို့တွင် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျွန်းစု မတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေးအတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်က တောပြားကြီးကျေးရွာအုပ်စု၊ တောပြားကြီးကျေးရွာအတွင်းရှိ တည်ဆောက် ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များက KAUNG SI THU COMPANY က တည်ဆောက်ပြီးစီးသော (၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၄၀) ဖြင့် (၂၅x၃၈x၁၁) ပေ ကျေးလက်ကျန်းမာရေးဌာန (ခွဲ) () ခန်းတွဲ () ထပ် ဝန်ထမ်းအိမ်ယာတည်ဆောက်ခြင်း လုပ်ငန်း၊ (၂၀၂၁-၂၀၂၂)ခု ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုငွေကျပ် (၃၅.၇၀၀) သန်းဖြင့် တည်ဆောက်ပြီးစီးသော မြေသားမိုးရေလှောင်ကန်နှင့် (၂၀၂၂-၂၀၂၃) ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာစီမံကိန်း (VDP) ရန်ပုံငွေကျပ် (၁၀) သန်းဖြင့် တည်ဆောက်ပြီးစီးသော အလျား (၁၈၀၀) ပေ၊ အနံ () ပေ () လက်မ၊ အမြင့်()ပေခွဲရှိသော အုတ်ရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာများ က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအစီအစဉ်များကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေးပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)