Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ဆီများ ဖြန့်ဖြူးရောင်းချပေး
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာချောင်ချိရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ကရင်ပြည်နယ် သမဝါယမဦးစီးဌာန၏ အစီအစဉ်ဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ၂၀၂၃ ခုနှစ်၊ မတ်လမှစတင်ပြီး လစဉ်ပထမပတ်အတွင်း လကုန်ပေးစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Mar 03,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ဘူးသီးတောင်မြို့ ပေါက်ပင်ရင်း ဘုန်းတော်ကြီး ကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး လွတ်ရက်စေ့ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးအား လွှဲပြောင်းလက်ခံ
Mar 03,2023
ထိုင်းနိုင်ငံအတွင်းရောက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းစီးခံရကာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ICD မှ လွတ်ရက်စေ့ပြန်လည် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးတို့အား နှစ်နိုင်ငံတာဝန် ရှိသူများမှ လွှဲပြောင်းလက်ခံခြင်းကို ယနေ့ ထိုင်းစံေ ပြုလုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Mar 03,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက်စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ရေနံဝန်းနှင့် တောင်သာရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့ အ.ထ.က(ကျောက်တံခါး)စာစစ်ဌာန၌ ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို (၅၂၂)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းစာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ (၅၂၂)ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲနှင့် သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျ…
Mar 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တောင်သူလယ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံပြပွဲ၊ ပြိုင်ပွဲနှင့် သီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က စုပေါင်းရုံးကြီးရှေ့တွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ်တစ်မျိုးသားလုံး၏ မုဒ်ဦး၊…
Mar 03,2023
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာတွင်ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ် တစ်မျိုးသားလုံး၏ မုဒ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲနှင့် လာချိဒ်လူမျိုးများ၏ ကျုံးဇွမ်မနောပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်မိတ်ဆက်အစီအစဉ် ရိုက်ကူးထုတ်လွှင့်
Mar 03,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၌ ပြည်သူများအသိပညာ တိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13159
Page
13160
Page
13161
Page
13162
Current page
13163
Page
13164
Page
13165
Page
13166
Page
13167
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department