အမြို့မြို့အနယ်နယ်သတင်းများ

Mar 03,2023
မိုင်းရယ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူများ  အပြင်ထွက်သွားလာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်သွားလာနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မြို့လယ် ဘုရားရှေ့တွင် ပြုလုပ်သည်။
Mar 03,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Mar 03,2023
တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ပအိုဝ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တာခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း၌ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ယနေ့နံနက် ၁၁ နာရီတွင် စတင်ကျင်းပသည်။
Mar 03,2023
နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့်အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကိုမြှင့်တင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ မတ် ၃ ရက် နံနက် ၁၁ နာရီခွဲခန့်က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင်များကို တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Mar 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် တော်ကမယ်ကျေးရွာ၊ နတ်စင်ချောင်းတွင် ရေငန်ထိန်းတံခါး တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။