အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်သို့ လင်းခေးခရိုင်မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ(ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ) ဒေါ်မဉ္ဇူသည် ယမန်နေ့နံနက်၉နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Mar 04,2023
၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဂုဏ်ပြုပွဲကို ယမန်နေ့နံနက် ၉ နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
Mar 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပူးပေါင်း၍ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းအုပ်စု‌ သောင်စုကျေးရွာအတွင်းရှိ သာသနာမေဒီနီကျောင်းတွင် ယမန်နေ့နံနက် (၈)နာရီအချိန်က မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့ကြကြောင့် သိရပါသည်။
Mar 04,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းညှှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်၍ ယနေ့နေ့လယ်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Mar 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ မျှင်ဝါးတောင် ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတို့တွင် ယနေ့နံနက်က မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့်ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 04,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြုလုပ်မည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Mar 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာစစ်ဌာန(၄)ခုတို့၌ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။