အမြို့မြို့အနယ်နယ်သတင်းများ

Mar 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေး မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Mar 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စည်းရုံးဆောင်ရွက်မှုဖြင့် ဖွဲ့စည်းခဲ့သော အခြေခံပညာကျောင်းများမှ ကျောင်းကြက်ခြေနီ အသင်းခွဲငယ်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှပေးအပ်သည့် ဂုဏ်ပြုလွှာများ ပေးအပ်ပွဲကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက် (မြို့မ)အခြေခံပညာ အလယ်တန်းကျောင်းရှိ ရွှေသံလွှင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 04,2023
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်း‌ဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပိန္နဲကုန်းကျေးရွာအုပ်စု အောင်ဇမ္ဗူပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 04,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို လာမည့်မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ မြို့နယ်အတွင်း စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာ အထက်တန်းကျောင်း (အ-ထ-က-၁)အား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
Mar 04,2023
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သည့် တာတိုက်ရေထိန်းတံခါး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တာတိုက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။