တောင်သာ မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူ (၇၅၄) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀) ခုဖွင့်လှစ် ကျင်းပမည်ဖြစ်ပြီး အထက တောင်သာ၊ အထကဝဲလောင်၊ အထကတလိုင်းရပ်ရွာသစ်၊ အထကဇဂျမ်း၊ အထက တမိုက်သာ၊ အထကကျောဇီ၊ အထကဆီမီးကန်၊ အထကဇရပ်ကြီး၊ အထကရသစ်၊ အထက ရုံးစည်ကြီး စာစစ်ဌာနတို့ဖြစ်သည်။
တောင်သာမြို့နယ်အတွင်း အတွဲ (၁) ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၃၈၅) ဦး၊ အတွဲ (၂) ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၁၇၉) ဦး၊ အတွဲ (၇) ဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၁၉၀) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၇၅၄)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)