ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ လက်ထောက်တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဂွမြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

မြိတ်   မတ်   ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရန်၊ စာမေး ပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်နှင့် စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်အတွက် မတ်(၆)ရက် နံနက်ပိုင်းက စာစစ်ဌာနကျောင်းများ၌ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက စာမေးပွဲကြီးကြပ် ဆရာ/မများအား တွေ့ဆုံရှင်းလင်းခဲ့သည်။

စာစစ်ဌာနကျောင်းများတွင် စာဖြေခန်းအတွင်း၊ စာဖြေခန်းအပြင်၊ သန့်စင်ခန်း၊ စာဖြေ အဝင်အထွက် ဂိတ်များနှင့် စာစစ်ဌာနရုံးအဖွဲ့၌ တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ/မများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်၊  စာစစ်ဌာနများ၌ မသမာမှုများမဖြစ်စေရေး ဂရုတစိုက်ဆောင်ရွက်ကြရန်၊ စာမေးပွဲ ကြီးကြပ်ရေးမှူးများ စည်းကမ်းသတ်မှတ်ချက်များအတိုင်း တသွေမတတိမ်း လိုက်နာဆောင်ရွက်ကြရန်၊ စာမေးပွဲ ကို အဆင်ပြေချောမွေ့ အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်း ကြီးကြပ်ဆောင်ရွက်ကြရန် မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများအား ရှင်းလင်းမှာကြားခဲ့ကြသည်။ 

ထို့အတူ စာစစ်ဌာနများအလိုက် တွဲဖက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ စာမေးပွဲ ခန်းစောင့်ကြပ်သူ လက်‌ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ စာမေးပွဲခန်းပြင်ပ စောင့်ကြပ်သူ လက်‌ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။ မြိတ်မြို့နယ်တွင် တက္ကသိုလ်စာမေးပွဲကို  စာစစ်ဌာန(၅)ခုဖြင့်  ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူ စာရင်းရှိ(၂၂၈၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက်)