ပုပ္ပားဒေသထွက် သီဟိုဠ်စေ့ရောင်းချချိန် ဈေးကောင်းရရှိရန်မျှော်လင့်

ညောင်ဦး  မတ် 

မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင် ဒေသထွက် သီဟိုဠ်သရက် (သီဟိုဋ်) ပင်များ အဖူးအပွင့်ပွင့်ချိန် အပွင့်များလှိုင်လှိုင်ပွင့်နေကြပြီး အသီးသီးပြီး သီဟိုစေ့ရောင်းချချိန် လွန်ခဲ့သည့်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမှာ စိုးရိမ်နေကြကြောင်း  လျှော်တောကျေးရွာ သီဟိုဋ်သရက်စိုက်တောင်သူ ဦးမောင်ညိုထံက ပြောကြား၍ သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်ကျေးရွာ၊ ဆည်ကျေးရွာ၊ စီးမကျေးရွာနှင့် လျှော်တောကျေးရွာများသည် သီဟိုဋ်ပင်အမြောက်အမြား စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ အခါတိုင်းနှစ်များတွင် သီဟိုဠ်စေ့ပေါ်ချိန် တစ်တင်းလျှင် ငါးသောင်းကျပ်မှခြောက် အထိရောင်းချခဲ့ရသော်လည်း ယခုနှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်တွင် သီဟိုဋ်စေ့ဈေးနှုန်း တစ်သောင်းရှစ်ရာကျပ်မှ နှစ်သာင်းကျပ်သာ ရောင်းချရကြောင်း သီဟိုဠ်သရက်စိုက်တောင်သူများကရှင်းပြသည်။ သီဟိုဠ်သရက်သည် နှစ်ရှည်ပင် အမျိုးအစားသရက်ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ ဆယ်နှစ်အတွင်း အသီးသီးနှုန်းကောင်းမွန်ကာ အပင်သက်တမ်းဆယ်နှစ်ကျော်လျှင် အပင်သာကြီးလာပြီး အသီးသီးနှုန်းမှာလည်း လျော့နည်းလာကြောင်းအချို့နှစ်များမသီးသည့်နှစ်များရှိလာသလို ယခုနှစ်တွင်ဈေးကွက် အနေအထားများ ပျက်လာခြင်းကြောင့် သီဟိုဠ်သရက်ပင်များနေရာ အခြားဈေးကွက်ကိုက်မည့် သီးပင်များအစား ထိုးစိုက် ပျိုးမှုများလာကြောင်း သီဟိုဋ်သရက်ပင်များအား ခုတ်ပစ်ပြီး ခြောက်လမာလကာ၊ ကီလိုမာ လကာ၊ နဂါးမောက်၊ စိန်တစ်လုံးသရက်များဖြင့် အစားထိုး စိုက်ပျိုးမှုများလာကြောင်း လျှော်တော ကျေးရွာ ဦးမောင်ညိုမှရှင်းပြသည်။

သီဟိုဠ်ပင်များသည် ပြာသိုလ၊ တပိုတွဲလတို့တွင် အဖူးပွင့်စတင်ပွင့်ကြပြီး ကဆုန်လ၊ နယုန်လတို့တွင် ရင့်မှည့်ကာ အောက်သို့ကြွေကျသည့် သီဟိုဠ်စေ့များကောက်ယူကြကြောင်း၊ သီဟိုဠ်စေ့ ပေါ်ချိန် လျှော်တောတစ်ရွာထဲပင်လျှင် တင်းသုံးရာကျော်ထွက်ရှိကြောင်း သိရသည်။ မနှစ်က သီဟိုဠ်ပေါ်ချိန် ဈေးကွက်မကောင်းမွန်ခြင်းတို့ကြောင့် အချို့သီဟိုဠ်စိုက်ခြံရှင်များ သီဟိုဠ်စေ့မကောက်တော့သည်ထိရှိကြပြီး သီဟိုဠ်သရက်ခြံများအစား ဈေးကွက်ကိုက်မည့် သီးနှံများရွေးချယ်စိုက်လာကြကြောင်း သိရသည်။

သီဟိုဠ်ခြံများကို ညောင်ဦးမြို့နယ် သစ်ထောင့်ကျွန်းကျေးရွာအုပ်စု၊ သစ်ထောင့်မြောက်ကျေးရွာတွင် တောင်သူ ဦးအုန်းမောင်စိုက်ပျိုးသည့် နှစ်ဧကခွဲစိုက်ခင်းမှလည်း သီဟိုဠ်စေ့ဈေးကွက် ပျက်နေခြင်းကြောင့် အခြားသီးနှံ စိုက်ပျိုးဖို့လုပ်ဆောင်နေကြောင်း ဦးအုန်းမောင်ကရှင်းပြ၍ သိရပြီး သီဟိုဠ်ပင်များသည် အဖူးအပွင့်ပွင့်ပြီး အသီးတင်ကြောင်းလည်း သိရသည်။

ဒီပါလင်း