တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် စတုတ္ထကြိမ်မြောက် ကျေးဇူးရှင်အဖေကြီးများအား ပူဇော်ကန်တော့ကြပြီး တရားဓမ္မသဘင်ကျင်းပ

တံတားဦး မတ်  ၆

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ မြင့်မြတ်ပါရမီအဖေကြီးများပူဇော်ပွဲဖြစ်မြောက်ရေး အဖွဲ့မှ ကြီးမှူးပြီး စတုတ္ထကြိမ်မြောက်  ကျေးဇူးရှင်အဖေကြီးများအား ပူဇော်ကန်တော့ပွဲနှင့် တရားဓမ္မသဘင် အခမ်းအနားကို ၁၃၄၈ ခုနှစ် တပေါင်းလပြည့်နေ့ ည ၇ နာရီတွင် အဆိုပါကျေးရွာ ရွာလယ် မြတစ်သိန်းတန်ဘုရားဓမ္မာရုံတွင် ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ အသက်(၇၅)နှစ်အထက် ကျေးဇူးရှင်အဖေကြီး(၇၄)  ပူဇော်ကန်တော့ကြရာ ကျေးဇူးရှင် အဖေကြီး ဦးလှကျော်က ကန်တော့ခံအဖေကြီးများကိုယ်စား ဆုပေးစကားပြောကြားပြီး အဖေကြီးများအား အမိသအဖြစ် အလှူငွေများကိုလှူဒါန်းကြသည်။ ဆက်လက်၍ ဓမ္မသဘင်အခမ်းအနားကို ကျင်းပရာ သူငယ်တော်ကျေးရွာ ရေလည်ညပရိယတ္တိစာသင်တိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဝိလာသ၏တပည့် ဘဒ္ဒန္တ ဇဝနက တရားရေအေးတိုက်တိုက်ကျွေးပေးသည်။ ထို့နောက် အလှူရှင်များက ဆရာတော်အား ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း၊ ဆေးတို့အတွက် အသုံးပြုနိုင်ရန် လှူဒါန်းမှုပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများကို လှူဒါန်းပေးကြရာ ဆရာတော်က လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

“ကျွန်တော်တို့က ကျေးဇူးရှင် အဖေကြီးများအား နှစ်စဉ်ကျင်းပပေးနိုင်ခဲ့ပါတယ်။ ယခင်နှစ်ကဆိုရင် ကိုဗစ်-၁၉ ရောဂေါကြောင့် အခမ်းအနားနဲ့ ကျင်းပနိုင်ခြင်းမရှိပေမဲ့ အိမ်အရောက်  သွားရောက်ကန်တော့နိုင်ခဲ့တယ်။    အခုနှစ်မှာ ကိုယ်ဗစ်-၁၉ ရောဂါ လျော့ပါးသွားတဲ့အတွက် အခမ်းအနားနဲ့ ကျင်းပခြင်းဖြစ်တယ်” ဟု မြင့်မြတ်ပါရမီ အဖေကြီးများ ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ ဦးစံလွင်၏ ပြောကြားချက်အရ သိရသည်။

ရဲတင့်(ပြန်/ဆက်)