အမြို့မြို့အနယ်နယ်သတင်းများ

Mar 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာ့အားကစား ကရာတေး သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို မတ်လ ၈ ရက်နေ့မှ စတင်ကာ ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်းဝင်း၌ ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
Mar 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး (၅)ကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ​​သံဒင်းကျေးရွာအုပ်စု၊ အထက်သံဒင်းကျေးရွာရှိ ဝင်းသုခဘုန်းတော်ကြီးကျောင်းတိုက်တွင်  ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Mar 10,2023
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေး (Green City၊ Clean City၊ Smart City) ဖြစ်လာစေရန်အတွက် စုပေါင်းသန့်ရှင်းရေးနှင့် ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယနေ့ ညနေ (၅)နာရီ အချိန်က ပြင်စလူမြို့ ပြည်ထောင်စု လမ်းမကြီး လမ်းမကြီး ဘေးဝဲ/ယာ တစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။
Mar 10,2023
တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီ ကျောင်းအားလပ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့ စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန် ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
Mar 10,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် သင်တန်းသူများအား သုတ၊ ရသ၊ စာအုပ် စာစောင်များ လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အတွေးအခေါ်ဗဟုသုတများ ရရှိ တိုးပွားလာစေရေးအတွက် လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ရေးဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ ညနေ (၄) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီး ဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို မတ်လ (၁၀)ရက်နေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။