ဗန်းမောက် မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ဆွေးနွေး ပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က မြို့နယ်အတွင်းရှိ စာပေချစ်သူများနှင့် လူငယ်လူရွယ်များ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ၊ ဆွေးနွေးသည့်စာအုပ်ပါ အကြောင်းအရာများ အပြင် မိမိတို့လေ့လာဖတ်ရှုမှတ်သားထားသည့် အခြားအသိပညာ ဗဟုသုတရဖွယ် အကြောင်းအရာများကိုပါ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်အိအိလှိုင်က စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် “လူငယ်နဲ့အထက်တန်းစားစိတ်ဓါတ်” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ပြီး မြို့နယ် Book Club အဖွဲ့ဝင် ဒေါ်နင်နွဲ့နှောင်းရီက “လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကျော်စိုးဝင်းက “လူငယ်နဲ့ ရှက်စိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သီတာက “လူငယ်နဲ့ တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်သူများက တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)